# I'm not own to this video or audio in this video, credit to original upoader.
# Original video https://www.youtube.com/watch?v=h3jcmFNxRzQ
တစ်နေ့ တောထဲမှာ လိပ်ကလေးတစ်ကောင်လမ်းလျှောက်လာတုန်းမှာ တောယုန်ကြီးတစ်ကောင်က သူ့ကိုကြည့်ပြီး လှောင်ရယ် နေတာကိုတွေ့လိုက်ရတယ်။ "မင်းသွားတာအရမ်းနှေးတာပဲ မင်းက ဝေးဝေးလဲမသွားနိုင်လောက်ပါဘူးကွာ" လို့ယုန်ကြီးကပြောတယ်။ ဒီတော့လိပ်ကလေးက မခံချင်စိတ်နဲ့ "အသင်နဲ့ကျုပ် ဘယ်သူကပိုမြန်လဲသိရအောင် အပြေးပြိုင်ကြမလား"ဒီလိုပြောလိုက်တော့ ယုန်ကြီးကရယ်တာပေါ့ "မင်းကလဲဟာသတွေလာပြောနေတယ်၊ အေးပါဟုတ်ပါပြီမင်းတကယ်ပြိုင်ချင်တယ်ဆိုလဲပြိုင်ကြတာပေါ့ ဒီလိုလုပ် ဒီတောင်ကုန်းလေးရဲ့ဟိုဘက်ကို ဘယ်သူအရင်ရောက်မလဲဆိုတာပြိုင်ကြတာပေါ့" ဒါနဲ့ယုန်နဲ့လိပ်တို့အပြေးပြိုင်ကြတာပေါ့ စစချင်း ယုန်ကပြေးလိုက်ခဏအကြာမှာနောက်ကိုလှည့်ကြည့်တော့ လိပ်ကိုမမြင်ရတော့ဘူးတဲ့ ဒါကြောင့် ယုန်ကရပ်ပြီး တော့ပြေးနေရာကနေ လိပ်နဲ့က အရမ်းဝေးနေလို့စောင့်နေလိုက်တယ်။ လိပ်ကလေးက အရမ်း နှေးနေတာကြောင့် စောင့်ရင်းစောင့်ရင်းနဲ့ တစ်မှေးလောက်အိပ်အုံးမယ်လို့စဉ်းစားလိုက်တယ် "သူငါ့ကိုမှီတယ်ဆိုရင်တောင်ငါကအသာလေးအနိုင်ရနိုင်ပါတယ် အေးဆေးပါကွာ" ဒီလိုတွေးပြီးတော့ ယုန်ကြီးက အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်အောက်မှာ မျက်လုံးကိုခဏမှိတ်ပြီးတော့လှည်းနေလိုက်တယ်။ လိပ်ကလေးက အိပ်ပျော်နေတဲ့ ယုန်ကြီးကိုကျော်သွားတဲ့အချိန်မှာလဲ လိပ်ကလေးက ဖြည်းဖြည်းပဲသွားနေတယ် ဒါပေမယ့် ပုံမှန်တော့သွားနေတာပေါ့။ ယုန်ကအိပ်ယာကနိုးလာတဲ့အချိန်မှာ လိပ်ကလေးက သူတို့သတ်မှတ်ထားတဲ့နေရာကိုရောက်လုနီးနေပြီပေါ့။ ဒါကြောင့်လိပ်ကိုမှီအောင် သူမြန်နိုင်သမျှမြန်မြန်ပြေးလိုက်တာပေါ့ ဒါပေမယ့်လိပ်ကလေးကိုတော့ မမှီနိုင်တော့ပါဘူး လိပ်ကလေးက အနိုင်ရရှိသွားပါပြီ။
##ဖြည်းဖြည်းနဲ့မှန်မှန် အလုပ်လုပ်ခြင်းက အောင်မြင်မှုကိုရရှိစေမှာ အမှန်ပဲဖြစ်ပါတယ်။
##thanks_for_reading
##100_moral_stories
##credit_Akramulla_Syed
##https://www.amazon.in/Hare-Tortoise-Story-Book/dp/8131953076
လယ်သမားကြီးတစ်ဦးရဲ့ ပြောင်းခင်းထဲကို ကြိုးကြာငှက်တွေက လာလာပြီးတော့ ဖျက်စီး နေတာကိုတစ်ရက်မှာမျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတယ်။ တစ်ခုသော ညနေခင်းမှာ လယ်သမားကြီးက ဖျက်လိုဖျက်စီးလုပ်တတ်တဲ့ ငှက်တွေကို ဖမ်းဖို့ရန်အတွက် ပိုက်ကွန်တစ်ခုကို လယ်ကွင်းထဲမှာထောင်ထားလိုက်တယ်။ နောက်နေ့မနက်မှာ ပိုက်ကွန်ကိုသွားပြီးစစ်ကြည့်လိုက်တဲ့အခါမှာတော့ ကြိုးကြားငှက်တွေအပြင် ငှက်ကြားလး တစ်ကာင်ပါမိနေတာကိုတွေ့လိုက်ရတယ်။ ငှက်ကြားလေးကပြောတယ် "ကျွန်တော့်ကိုတော့လွှတ်ပေးပါတောင်းပန်ပါတယ်၊ ပြောင်းစေ့တွေစားတာကျွန်တော်မဟုတ်ပါဘူး ပြောင်းခင်းကို ပျက်စီးစေအောင်လဲ ကျွန်တော်မလုပ်ပါဘူး " ငှက်ကြားလေးကငိုယိုပြီးပြောရှာတယ် "ကျွန်တော်က သနားစရာ ငှက်ကျားလေးပါ အသင်မြင်တဲ့အတိုင်းပါပဲ ကျွန်တော် ကရိုးရိုးသားသားနဲ့ မိဘကိုရှာပြီးကျွေးနေတာပါ ကျွန်တော်..." ငှက်ကျားလေးရဲ့စကားမဆုံးခင်မှာပဲ လယ်သမားကြီးကအမြန် ကိစ္စတုံးလိုက်တော့တယ် "မင်းပြောတာတွေက ဟုတ်နိုင်ပါတယ် ဒါပေမယ့် မင်းကိုတော့ဖမ်းရလိမ့်မယ် ဘာလို့လဲဆိုတော့ မင်းပေါင်းနေတဲ့ မင်းအပေါင်းသင်းတွေက ငါ့ရဲ့ပြောင်းခင်းတွေကို ဖျက်စီး နေလို့ပဲ"
##လူဆိုး လူမိုက်နဲ့ပေါင်းသင်းမိရင် မိမိကိုယ်တိုင်ကအမှားမလုပ်သော်လည်း အပေါင်းအသင်းကြောင့်ဒုက္ခရောက်စေနိုင်ပါတယ်။
##thanks_for_reading
##100_moral_stories
##credit_Akramulla_Syed
တစ်ခါတုန်းက သိုးတစ်အုပ်ကိုကျောင်းနေရတဲ့သိုးကျောင်းသား လေးတစ်ယောက်ရှိတယ်။ တစ်ရက်မှာသိုးကျောင်းသားလေးက သိုးတွေကိုနေ့တိုင်းကျောင်းရတာပျင်းလာတယ် ဒီတော့သူက ရွာထဲကလူတွေကို လိုက်ပြီး စမယ်ဆိုပြီးလုပ်လိုက်တယ်။ ဒါနဲ့ပဲသူကအသံအကျယ်ကြီးအော်ပြီးတော့ ""ကယ်ကြပါအုံး ဗျို့ဒီမယ်သိုးတွေကို ဝံပုလွေ လိုက်စားနေတယ် ကယ်ကြပါအုံး"" ရွာသားတွေသူ့ အော်သံကိုကြားတော့ ရွာထဲကနေ အလန့်တကြားပြေးပြီးသူ့ဆီကိုလာကြတာပေါ့။ ရွာသားတွေကသူ့ကိုတွေ့တွေ့ခြင်းမေးကြတယ် "ဘယ်မှာလဲ ဘယ်မှာလဲ မြေခွေးက " ဒီတော့ သိုးကျောင်းသားလေးကအူတတ်နေအောင်ရီတာပေါ့ "ဟား ဟား ဘာမှမရှိပါဘူး ခင်ဗျားတို့ကို စချင်လို့ တမင်သက်သက်နောက်လိုက်တာ"
နောက်သုံးလေးရက် ကြာတော့ သိုးကျောင်းသားလေးက အရင်လို နောက်တစ်ခါထပ်စပြန်တယ် သူကအကျယ်ကြီးအော်လိုက်တယ် "ကယ်ကြပါအုံးဗျို့ ဒီမယ် မြေခွေးကြီး တစ်ကောင် သိုးတွေကိုလိုက်ကိုက်နေတယ်ဗျ ကယ်ပါအုံးဗျို့၊ ဒီတစ်ခါတစ်ကယ်မြေခွေးလာတာ တကယ်မြေခွေးဗျို့" ဒီလို အော်ပြောတော့ရွာသားတွေက သူအော်နေတဲ့ တောင်ကမူ လေးပေါ်ကို ပြေးတတ်လာကြတယ် အပေါ်ရောက်ခါမှ သူတို့ကိုထပ်ပြီးနောက်တာမှန်းသိသွားကြတယ် ဒီတစ်ခါရွာသားတွေက သူ့ကိုစိတ်တော်တော်တိုသွားကြတယ် သူ့ကိုတော်တော်စတတ်တဲ့ကောင်လေးမှန်းလဲသိသွားကြတယ်။ မကြာခင်နောက်တစ်နေ့မှာပဲ မြေခွေးက သိုးအုပ်ထဲကိုတစ်ကယ်ရောက်လာ တော့တယ်။ မြေခွေးကသိုးတစ်ကောင်ကို ကိုက်လိုက်တယ် နောက်ထပ်တစ်ကောင်ပြီးတစ်ကောင်လိုက်ကိုက်တော့တယ် ဒီတော့ သိုးကျောင်းသားလေးက ရွာထဲကိုအပြေးအလွှားသွားပြီးတော့ ရွာကလူတွေကို အော်ပြီး အကူညီတောင်းတယ် "မြေခွေး မြေခွေး ကျွန်တော့်သိုးတွေကိုလိုက်ဆွဲနေတယ် တစ်ယောက်ယောက်ကူကြပါအုံး" ရွာသားတွေက သူ့အော်သံကိုကြားတယ် ဒါပေမယ့် ရီကြတာပေါ့ ဒီတစ်ခါလဲ သူတို့ကို စပြန်ပြီးလို့ ထင်နေကြတယ်။ ဒီတော့သိုးကျောင်းသားလေးက သူနဲ့နီးတဲ့ ရွားသားတစ်ယောက်စီကိုပြေးသွားပြီးတော့ပြောပြန်တယ် "မြေခွေးတစ်ကောင် သိုးတွေကိုလိုက်ကိုက်နေတယ်ဗျ ဒီတစ်ခါကတစ်ကယ်ပြောနေတာ အရင်တုန်းက ကျွန်တော်ညာတာပါ အခုက တစ်ကယ်ပြောနေတာဗျ" နောက်ဆုံး သူ မရမကပြောနေတော့ ရွာသားတွေလဲမယုံပေမယ့် လိုက်ပြီးကြည့်ကြတယ် ဟိုရောက်မှ အမှန်တွေပဲဆိုတာတွေ့လိုက်ရတော့တယ် ရွာသားတွေရောက်တော့မှ မြေခွေးလဲပြေးသွားတော့တယ် သိုးသေတွေကိုတော့ မျက်ခင်းပေါ်မှာ အများအပြားတွေ့လိုက်ရတယ်
##မုသားပြောတတ်တဲ့သူ တစ်ယောက် အမှန်တွေဘယ်လောက်ပဲပြောပြော ဘယ်သူမှ ယုံကြည်မှာမဟုတ်တော့ပါဘူး
##thanks_for_reading
##100_moral_stories
##credit_Akramulla_Syed
သောမက်စ်အယ်ဒီဆင်န်က ဖန်သီး ထဲကနန်းကြိုးမျှင်ကလေးရဖို့ရန်အတွက်ပစ္စည်းအမျိုးစားပေါင်း နှစ်ထောင်ကျော်စမ်းသပ်ခဲ့ရတယ်။ စမ်းသပ်မှုတွေအမြောက်အများလုပ်ပြီးတာတောင်ကျေနပ်စရာကောင်းလောက်တဲ့ အောင်မြင်မှုမျိုးမရရှိတဲ့အခါ အယ်ဒီဆင်န် ရဲ့လက်ထောက်ကသူ့ကိုညည်းတွားပြီးပြောတယ် "ကျွန်တော်တို့ လုပ်ခဲ့တာတွေက အကုန်အလကားပဲ ဘာတစ်ခုမှအရာမရောက်ဘူး ဘာမှလဲမရလိုက်ဘူး အချိန်တွေကုန်တာပဲရှိတယ်" ဒီလိုပြောတော့ အယ်ဒီဆင်န်က တစ်ခုပြန်ပြောတယ် "အို ဘယ်ဟုတ်ပါ့မလဲ ငါတို့အတော်ခရီးရောက်ခဲ့ပါတယ် ပြီးတော့ငါတို့အများကြီးလဲ သိခဲ့ရတယ်လေ အခုဆိုရင် ဒြပ်စင် အခုနှစ်ထောင်လောက်က ဖန်သီး တစ်လုံးကောင်းကောင်းလုပ်လို့မရဘူးဆိုသိရပြီပဲ"
##thanks_for_reading
##100_moral_stories
##credit_Akramulla_Syed
အလွန် ပူပြင်းလှတဲ့ နွေရာသီရဲ့နေ့တစ်နေ့မှာ ခရီးသွားနှစ်ယောက်တစ်နေရာကိုဦးတည်ပြီးတော့လမ်းလျှောက်လာကြတယ်။ မကြာခင်မှာပဲ ခရီးဆက်သွားလို့မဖြစ်အောင် နေကပူသည်ထက်ပူလာတာပေါ့။ ဒါကြောင့်ပဲ အနီးနားမှာတွေ့ရတဲ့ ညောင်ပင်ကြီးဆီမှာ အရိပ်ခဏတာခိုရင်းခရီးတစ်ထောက်နားကြတာပေါ့။ ဒီလိုနဲ့ ခရီးသွားတစ်ယောက်ကညောင်ပင်ကြီးရဲ့ သစ်ကိုင်းတွေကိုသေချာကြည့်ပြီးတော့ သူနဲ့ပါလာတဲ့သူကိုပြောလိုက်တယ် "ဒီအပင်ကြီးကတော်တော်အသုံးမဝင်တာပဲနော် ဒီအပင်ရဲ့ အသီးတွေအစေ့တွေကငါတို့လူတွေစားလို့လဲမရဘူး နောက်ဆုံးကွာပင်စည်ကိုထင်းအနေနဲ့ သုံးမယ်ဆိုရင်တောင် သုံးလို့မရဘူး တော်တော်ဆိုးတဲ့အပင်ပဲကွ"။ ဒီတော့အပင်ကြီးကပြန်ပြောသတဲ့ "ကျေးဇူးမကန်းပါနဲ့မိတ်ဆွေ အခုအချိန်မှာ ကျွန်ုပ်က သင့်အတွက်အလွန် အသုံးဝင်ပါတယ် အခုလိုနေခြစ်ခြစ်တောက်ပူနေတဲ့အချိန်မှာ သင့်ကို နေပူဒါဏ်ကနေ ကာကွယ်ပေးထားရတာပါ ဒါနဲ့များသင်က ကျွန်ုပ်ကို ဘယ်နေရာမှာ မှအသုံးမဝင်ဘူးလို့ပြောရက်သေးတယ်နော်"
##ဒီပုံပြင်လေးရဲ့အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာကတော့လောကမှာရှိရှိသမျှ အရာအားလုံးဟာ သူ့နေရာနဲ့သူ အသုံးဝင်မှုတွေ မတူကွဲပြားစွာရှိကြပါတယ်
##မိမိကိုယ်ကို သိမ်ငယ်စရာ အားငယ်စရာလုံးဝ မလိုပါဘူး ကိုယ်ကဘယ်နေရာမှာအသုံးဝင်တာလဲ ဘယ်နေရာမှာ ထူးချွန်တာလဲဆိုတာကိုသာ သိအောင် တိုးတတက်အောင်လုပ်သင့်တာပဲဖြစ်ပါတယ်။
##thanks_for_reading
##100_moral_stories
##credit_Akramulla_Syed
ဟိုးရှေ့ရှေ့တုန်းက အလွန် သာယာဝပြော တဲ့ တိုင်းပြည်ကြီးတစ်ပြည်ကိုအုပ်ချုပ်နေရတဲ့ ဘုရင်ကြီးတစ်ပါး ရှိသတဲ့။ တစ်နေ့မှာတော့ ဘုရင်ကြီးက သူ့ရဲ့တိုင်းပြည်အခြေအနေအမှန်ကိုသိချင်တာကြောင့် တိုင်းပြည်ထဲကိုသွားပြီးကိုယ်တိုင်လေ့လာသတဲ့။ မကြာခင်မှာပဲ ဘုရင်ကြီး တိုင်းခန်းလှည့်လည်ရာကနေ နန်းတော်ကို ပြန်ရောက်လာတယ်။ ဒီလိုမျိုး နောက်ပါမှူးမက် တွေမပါဘဲ တစ်ယောက်တည်းခရီးသွားရတာ ဘုရင်ကြီးရဲ့ ပထမဆုံးအတွေ့အကြုံ ဖြစ်တာကတစ်ကြောင်း နောက်ပြီး လမ်းတွေက ကျောက်ခဲတွေချိုင့်တွေများလွန်းတာကတစ်ကြောင်း အဲ့တာတွေကြောင့်ဘုရင်ကြီးက သူ့ရဲ့ခြေထောက်တွေအရမ်း နာကြင် ခဲ့ရတယ်ဆိုတာကိုပြောသတဲ့။ ဒါကြောင့်ပဲဘုရင်ကြီးကမှူးမတ်တွေကို တိုင်းပြည်အတွင်းမှာရှိသမျှ လမ်းအားလုံးကို သားရေ တွေခင်း ဖို့အမိန့်ပေးလိုက်သတဲ့။ ဒီကိစ္စက သားရေတွေလဲအများကြီးကုန်မယ် ပြီးတော့ ငွေအသပြာလဲအမြောက်အများကုန်မယ့်ကိစ္စဖြစ်နေတယ်။ ထိုအခါပညာရှိအမတ်ကြီးတစ်ဦးကဘုရင်ကြီးကို မလိုအပ်တဲ့နေရာတွေမှာပိုက်ဆံတွေအများကြီးမသုံးသင့်ကြောင်း ခြေထောက်ကို လုံခြုံအောင်သားရေပြားအနည်းငယ်ကိုသာဖြတ်၍သုံးသင့်ကြောင်းကိုပြောလိုက်သတဲ့။ ဘုရင်းကြီးကအရမ်းအံ့ဩသွားတယ် ဒါပေမယ့် ခဏအကြာမှာ အမတ်ကြီးအကြံပေးတဲ့ ဘုရင်ကြီးအတွက် ရှူးဖိနိပ် လုပ်သင့်တယ်ဆိုတာကိုလက်ခံလိုက်သတဲ့။
##တကယ်တော့ဒီပုံပြင်လေးမှာ ဘဝအတွက်အလွန်တန်ဖိုးရှိတဲ့သင်ခန်းစာလေးတစ်ခုရှိပါတယ်။အဲ့တာကတော့ ကမ္ဘာကြီးကိုပိုမိုကောင်းမွန်အောင်ပြောင်းလဲချင်ရင် မိမိကိုယ်ကို မိမိရဲ့စိတ်နှလုံးကိုပြောင်းလဲလိုက်ခြင်းကပို၍ထိရောက်တယ်ဆိုတာပါပဲ။ ကမ္ဘာကြီးကိုပြောင်းလဲစရာမလိုပါဘူး။
##thanks_for_reading
##100_moral_stories
##credit_Akramulla_Syed
အိမ်တွင်း အဝတ်လှန်းစင် ပြုလုပ်နည်းလေးပါ ဟိုလူလာမှ ဒီလူလာမှ ဟိုလူရှိမှ ဒီလူရှိမှ လုပ်လို့ဖြစ်တဲ့အရာမဟုတ်ပါဘူး ကိုယ့်ဟာကိုအလွယ်တကူလုပ်လို့ရပ...