Friday, November 6, 2020

၂။ ခရီးသွားနှစ်ယောက်နှင့် ညောင်ပင်

 အလွန် ပူပြင်းလှတဲ့ နွေရာသီရဲ့နေ့တစ်နေ့မှာ ခရီးသွားနှစ်ယောက်တစ်နေရာကိုဦးတည်ပြီး‌တော့လမ်းလျှောက်လာကြတယ်။ မကြာခင်မှာပဲ ခရီးဆက်သွားလို့မဖြစ်အောင် နေကပူသည်ထက်ပူလာတာပေါ့။ ဒါကြောင့်ပဲ အနီးနားမှာတွေ့ရတဲ့ ညောင်ပင်ကြီးဆီမှာ အရိပ်ခဏတာခိုရင်းခရီးတစ်ထောက်နားကြတာပေါ့။ ဒီလိုနဲ့ ခရီးသွားတစ်ယောက်ကညောင်ပင်ကြီးရဲ့ သစ်ကိုင်းတွေကိုသေချာကြည့်ပြီးတော့ သူနဲ့ပါလာတဲ့သူကိုပြောလိုက်တယ် "ဒီအပင်ကြီးကတော်တော်အသုံးမဝင်တာပဲနော် ဒီအပင်ရဲ့ အသီးတွေအစေ့တွေကငါတို့လူ‌တွေစားလို့လဲမရဘူး နောက်ဆုံးကွာပင်စည်ကိုထင်းအနေနဲ့  သုံးမယ်ဆိုရင်တောင် သုံးလို့မရဘူး တော်တော်ဆိုးတဲ့အပင်ပဲကွ"။ ဒီတော့အပင်ကြီးကပြန်ပြောသတဲ့ "ကျေးဇူးမကန်းပါနဲ့မိတ်ဆွေ အခုအချိန်မှာ ကျွန်ုပ်က သင့်အတွက်အလွန် အသုံးဝင်ပါတယ် အခုလိုနေခြစ်ခြစ်တောက်ပူနေတဲ့အချိန်မှာ သင့်ကို နေပူဒါဏ်ကနေ ကာကွယ်ပေးထားရတာပါ ဒါနဲ့များသင်က ကျွန်ုပ်ကို ဘယ်နေရာမှာ မှအသုံးမဝင်ဘူးလို့ပြောရက်သေးတယ်နော်"


##ဒီပုံပြင်လေးရဲ့အဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာကတော့လောကမှာရှိရှိသမျှ အရာအားလုံးဟာ သူ့နေရာနဲ့သူ အသုံးဝင်မှုတွေ မတူကွဲပြားစွာရှိ‌ကြပါတယ်

##မိမိကိုယ်ကို သိမ်ငယ်စရာ အားငယ်စရာလုံးဝ မလိုပါဘူး ကိုယ်ကဘယ်နေရာမှာအသုံးဝင်တာလဲ ဘယ်နေရာမှာ ထူးချွန်တာလဲဆိုတာကိုသာ သိအောင် တိုးတတက်အောင်လုပ်သင့်တာပဲဖြစ်ပါတယ်။


##thanks_for_reading

##100_moral_stories

##credit_Akramulla_Syed

No comments:

Post a Comment

အဝတ်လှန်းစင် ပုံစံ (၂)

အိမ်တွင်း အဝတ်လှန်းစင် ပြုလုပ်နည်းလေးပါ ဟိုလူလာမှ ဒီလူလာမှ ဟိုလူရှိမှ ဒီလူရှိမှ လုပ်​လို့ဖြစ်တဲ့အရာမဟုတ်ပါဘူး  ကိုယ့်ဟာကိုအလွယ်တကူလုပ်လို့ရပ...