Monday, November 9, 2020

၉။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး (ဘုရားရှိခိုးနည်း)


***************
တစ်ကြိမ်ဘုရားရှိခိုးလို့ရှိရင်
လူတစ်သိန်းကျွေးရတာနဲ့ ညီမျှတဲ့
ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်းရှိတယ်။
ဘယ်လို ဘုရားရှိခိုးမလဲဆိုတော့….
မမြဲသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ ဘုရား…
(တစ်ကြိမ် ရှိခိုးလိုက်)၊
ဆင်းရဲသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ဘုရား…
(တစ်ကြိမ် ရှိခိုးလိုက်)၊
အစိုးမရသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ဘုရား…
(တစ်ကြိမ် ရှိခိုးလိုက်)။
ဤသို့အားဖြင့် ရတနာသုံးပါးကို
သုံးကြိမ်သုံးခါ ရှိခိုးပူဇော်ပါ။
အင်မတန် အကျိုးများတဲ့
ဘုရားရှိခိုးနည်းပါ။
ဘာကြောင့်လဲဆိုတော့.......
မမြဲသော မိမိခန္ဓာကိုယ်ကြီးကို
မမြဲတဲ့အကြောင်း ပွားတာက ဝိပဿနာပါ။
(မမြဲခြင်း၊ဆင်းရဲခြင်း၊အစိုးမရခြင်း)
ကိလေသာမရှိတဲ့ ဘုရား ၊ ကိလေသာကင်းကြောင်းဖြစ်တဲ့ တရား ၊ ကိလေသာကင်းပြီးတဲ့ သံဃာတွေကို
အာရုံပြုတာက သမထပါ။
လှူဒါန်းပါ၏ ဆိုတာက ဒါနပါ။
ဒါနရော သမထရော ဝိပဿနာရော
ကုသိုလ် အကုန်ပါသွားတဲ့
ဘုရားရှိခိုးနည်းပါ။
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
🙏🙏🙏🙏🙏

No comments:

Post a Comment

အဝတ်လှန်းစင် ပုံစံ (၂)

အိမ်တွင်း အဝတ်လှန်းစင် ပြုလုပ်နည်းလေးပါ ဟိုလူလာမှ ဒီလူလာမှ ဟိုလူရှိမှ ဒီလူရှိမှ လုပ်​လို့ဖြစ်တဲ့အရာမဟုတ်ပါဘူး  ကိုယ့်ဟာကိုအလွယ်တကူလုပ်လို့ရပ...