Friday, September 10, 2021

အဝတ်လှန်းစင် ပုံစံ (၂)

အိမ်တွင်း အဝတ်လှန်းစင် ပြုလုပ်နည်းလေးပါ

ဟိုလူလာမှ ဒီလူလာမှ ဟိုလူရှိမှ ဒီလူရှိမှ လုပ်​လို့ဖြစ်တဲ့အရာမဟုတ်ပါဘူး

 ကိုယ့်ဟာကိုအလွယ်တကူလုပ်လို့ရပါတယ်

လက်ကြောတင်းတင်းအလုပ်လုပ်ချင်တဲ့စိတ်လေးရှိဖို့တော့လိုပါတယ်

လိုအပ်တဲ့ပစ္စည်းတွေနဲ့ လုပ်နည်းတွေကို ဓါတ်ပုံနှင့်အတူ တင်ပေးလိုက်ပါတယ်…

( ​ပိုက်​ဆက်​ကော်​ဘူး မပါ​သေးဘူး ​ကော်​ဘူးပါ ဝယ်​ရပါမည်​)

ဘယ်​လိုလုပ်​ပါ ညာလိုလုပ်​ပါ ညွှန်​ပြ​နေစရာကို မလိုဘူး   ဝယ်​ပြီး ​ကောက်​တပ်​လိုက်​ရုံပဲဗျာ

​ဒီဇိုင်းက​တော့  မိမိ ဉာဏ်​ရှိသလို အမျိုးမျိုး ချဲ့ထွင်​ ဆန်းသစ်​နိုင်​ပါသည်​​ပေါ့ဗျာ

​စေတနာများစွာဖြင်​့ စိုင်​းလုံ၏ ပညာကို ဦးဝိနယက ထပ်​မံ​ဝေငှခြင်းမျှသာ ဖြစ်​ပါ​ကြောင်း------- ။။







နောက်ပုံစံ များ




ပိုက်အဝတ်လှန်းစင် ပုံစံ (၁)

အဝတ်လှန်းစင်ပြုလုပ်ဖို့ လိုအပ်ချက်များကတော့ 

PVC ပိုက်အသေးဆုံး ၂၀ ပေ ၄ လုံး

T ပုံသဏ္ဍာန် ပိုက်ဆက် ၂၈ ခု

L ပုံသဏ္ဍာန် ပိုက်ဆက် ၈ ခု

ပေဘူး သံဖြတ်လွှ လိုအပ်တာပေါ့ဗျာ

ပေ ၂၀ အရှည်တွေကို ပိုင်းဖြတ်ရမှာကတော့

၉ လက်မ အရှည် ၄ ခု

၄ ပေ အရှည် ၈ ခု

၁ ပေ အရှည် ၆ ခု

၅ လက်မအရွယ် ၁၆ ခု

၆ လက်မခန့့် ၂ ခု

၂ ပေ ၆ လက်မ ၄ ခု

၂ ပေ ၂ ခု

လုပ်နည်းကတော့ ပိုင်းထားသော ပိုက်ကလေးတွေကို အဆက်တွေနဲ့ လိုက်ဆက် ရုံပါ

အားလုံး အဆင်ပြေလွယ်ကူစွာ ပြုလုပ်နိုင်ကြပါစေ









Friday, November 20, 2020

 # I'm not own to this video or audio in this video, credit to original upoader.

# Original video https://www.youtube.com/watch?v=h3jcmFNxRzQ



Monday, November 9, 2020

၉။ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး (ဘုရားရှိခိုးနည်း)


***************
တစ်ကြိမ်ဘုရားရှိခိုးလို့ရှိရင်
လူတစ်သိန်းကျွေးရတာနဲ့ ညီမျှတဲ့
ကုသိုလ်ရတဲ့ ဘုရားရှိခိုးနည်းရှိတယ်။
ဘယ်လို ဘုရားရှိခိုးမလဲဆိုတော့….
မမြဲသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ ဘုရား…
(တစ်ကြိမ် ရှိခိုးလိုက်)၊
ဆင်းရဲသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ဘုရား…
(တစ်ကြိမ် ရှိခိုးလိုက်)၊
အစိုးမရသော ဤခန္ဓာကိုယ်ကို
ကိလေသာ အပူခပ်သိမ်းမှ ကင်းငြိမ်းတော်မူပြီးသော
ဘုရား တရား သံဃာအား
လှူဒါန်းပါ၏ဘုရား…
(တစ်ကြိမ် ရှိခိုးလိုက်)။
ဤသို့အားဖြင့် ရတနာသုံးပါးကို
သုံးကြိမ်သုံးခါ ရှိခိုးပူဇော်ပါ။
အင်မတန် အကျိုးများတဲ့
ဘုရားရှိခိုးနည်းပါ။
ဘာကြောင့်လဲဆိုတော့.......
မမြဲသော မိမိခန္ဓာကိုယ်ကြီးကို
မမြဲတဲ့အကြောင်း ပွားတာက ဝိပဿနာပါ။
(မမြဲခြင်း၊ဆင်းရဲခြင်း၊အစိုးမရခြင်း)
ကိလေသာမရှိတဲ့ ဘုရား ၊ ကိလေသာကင်းကြောင်းဖြစ်တဲ့ တရား ၊ ကိလေသာကင်းပြီးတဲ့ သံဃာတွေကို
အာရုံပြုတာက သမထပါ။
လှူဒါန်းပါ၏ ဆိုတာက ဒါနပါ။
ဒါနရော သမထရော ဝိပဿနာရော
ကုသိုလ် အကုန်ပါသွားတဲ့
ဘုရားရှိခိုးနည်းပါ။
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)
🙏🙏🙏🙏🙏

8. မျောက်နှင့်လင်းပိုင်

ဟိုးလွန်ခဲ့တဲ့တစ်ရက်က သင်္ဘောသားတစ်စုဟာပင်လယ်ပြင်ကိုရွက်လွှင့်လာကြတယ်။ သူတို့ထဲကတစ်ယောက်က မျောက်ကလေးတစ်ကောက်ကိုပါ အဖော်ခေါ်လာတာပေါ့။ ပင်လယ်ပြင်ကိုရွက်လွှင့်ပြီးလို့မကြာခင်မှာပဲ အလွန်ကြောက်စရာကောင်းလောက်အောင်ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုကြောင့် သူတို့ သင်္ဘောကြီးမှောက်သွားတယ်။  သ‌င်္ဘောသားတွေအကုန်လုံးရေထဲကျသွားတာပေါ့။ မျောက်ကလေးကလဲ ရေနစ်ပြီး သေတော့မလိုဖြစ်လာတယ်။ ရုတ်တရက်ဆိုသလို လင်းပိုင်တစ်ကောင်ကပေါ်လာပြီး မျောက်ကလေးကို ကယ်လိုက်တယ်။ သူတို့က မကြာခင်အတွင်းမှာ ကျွန်းတစ်ကျွန်းပေါ်ကိုရောက်သွားကြတယ်။ ဒါနဲ့ မျောက်က လင်းပိုင်ရဲ့ကျော့ကုန်းပေါ်ကနေဆင်းလိုက်တယ်။ လင်းပိုင်ကမျောက်ကိုမေးတယ် "ဒီနေရာကိုသိပါသလား"။ မျောက်ကပြန်ပြောတယ် "အင်း သိတာပေါ့ ဒီကျွန်းကဘုရင်က ကျွန်‌ တော့်ကို အရမ်းချစ်တာပါ။ တကယ်တော့ကျွန်တော်ကမင်းသားပါ"။ လင်းပိုင်ကဒီကျွန်းမှာ လူ‌သူမနေဘူးဆိုတာအစကတည်းကသိပြီးသားပါဒါပေမယ့်ပြန်ပြောလိုက်တယ် "ဟုတ်ပါပြီ မင်းကမင်းသားဆိုတော့ ဒီနေရာမှာဘုရင်လုပ်လို့ရပြီပေါ့"။ မျောက်ကပြောတယ် "ဘယ်လိုလုပ်ရမှာလဲဗျ"။ "ဒီကျွန်းမှာ သက်ရှိကမင်းတစ်ယောက်ပဲရှိတာ ဒီတော့မင်းကဘုရင်ဖြစ်ပြီပေါ့" လို့ပြောပြီးအဝေးကိုကူးသွားတော့တယ်။
##မုသားပြောခြင်း ကြွားဝါခြင်းစသဖြင့်‌ပြောတတ်တဲ့သူတွေဟာ နောက်ဆုံးမှာ ဒုက္ခနဲ့ပဲအဆုံးသတ်ရတာ‌ပဲဖြစ်ပါတယ်
##thanks_for_reading
##100_moral_stories
##credit_Akramulla_Syed

၇။ ပုရွက်ဆိတ်နှင့်ချိုးကလေး

နေပူတဲ့ နေ့တစ်နေ့မှာ ပုရွက်ဆိတ်ကလေးတစ်ကောင်က ရေဆာလို့ စမ်းချောင်းကလေးရှိရာကိုရောက်လာတယ်။ စမ်းချောင်းကိုရောက်ဖို့ဆိုရင် ပုရွက်ဆိက်ကလေးက မြက်ပင်တွေကပေါ်ကနေဖြတ်သွားရသတဲ့။ မြက်ပင်ပေါ်ကိုတတ်လိုက်တဲ့အချိန်မှာ ခြေချော်ပြီးတော့ ရေကန်ထဲကျသွားသတဲ့။ ‌ပုရွက်ဆိတ် ကလေးကရေကန်ထဲမှာ ကူရာမဲ့ပြီးဒုက္ခရောက်နေတာပေါ့ ဒါကိုဘေးနာကဖြတ်သွားတဲ့ ချိုးကလေးသာ မမြင်ခဲ့ရင်ပုရွက်ဆိတ်ကလေးအတွက်မတွေးရဲစရာပါပဲ။ ချိုးကလေးက မြင်လိုက်တဲ့အခါမှာတော့ ပုရွက်ဆိတ်ကလေးကတော်တော်ဒုက္ခရောက်နေပါပြီ ဒါနဲ့ ချိုးကလေးက ချက်ချင်းပဲ သစ်ရွက်တစ်ရွက်‌ ခြွေပြီးတော့ ရေကန်ထဲကို ချပေးလိုက်တာပေါ့။ ဒီတော့မှ ပုရွက်ဆိတ်ကလေးလဲ သစ်ရွက်နားကိုကူးသွားပြီးတော့ မကြာခင်မှာပဲ မြေပြင်ပေါ်ကိုရောက်သွားပြီး အသက်ရှင်သွားသတဲ့။ အဲ့ဒီအချိန်မှာပဲ အနီးနားကနေပြီး ချောင်းနေတဲ့ မုဆိုးကြီးက ချိုးကလေးကိုဖမ်းဖို့ ပိုက်ကွန်နဲ့ လှမ်ပစ်လိုက်သတဲ့။ ပုရွက်ဆိတ်ကလေး ကဘာလုပ်လိုက်တယ်ထင်သလဲ၊ သူကအမြန်ပြေးပြီးတော့ မုဆိုးကြီးရဲ့ ခြေဖနောင့်ကို အားကုန် ကိုက်ချလိုက်တာပေါ့။ မုဆိုးကြီးအရမ်းနာကျင်သွားတာကြောင့် လက်ထဲက ပိုက်ကွန်လဲ လွတ်ကျသွားတာပေါ့။ ချိူးကလေးကတော့ အန္တရာယ်ကင်းရာကို ပျံသွားပါတယ်။
##သူတစ်ပါးအသက်ကို ကယ်တင်ခြင်းကမိမိကိုယ်ကိုလဲ ကောင်းကျိုးတွေပဲ ဖြစ်စေပါတယ်။
##thanks_for_reading
##100_moral_stories
##credit_Akramulla_Syed


Friday, November 6, 2020

၆။ယုန်နှင့်လိပ်

 တစ်နေ့ တောထဲမှာ လိပ်က‌လေးတစ်ကောင်လမ်းလျှောက်လာတုန်းမှာ တောယုန်ကြီးတစ်ကောင်က သူ့ကိုကြည့်ပြီး လှောင်ရယ် နေတာကိုတွေ့လိုက်ရတယ်။ "မင်းသွားတာအရမ်းနှေးတာပဲ မင်းက ဝေးဝေးလဲမသွားနိုင်လောက်ပါဘူးကွာ" လို့ယုန်ကြီးကပြော‌တယ်။ ဒီတော့လိပ်ကလေးက မခံချင်စိတ်နဲ့ "အသင်နဲ့ကျုပ် ဘယ်သူကပိုမြန်လဲသိရအောင် အပြေးပြိုင်ကြမလား"ဒီလိုပြောလိုက်တော့ ယုန်ကြီးကရယ်တာပေါ့ "မင်းကလဲဟာသတွေလာပြောနေတယ်၊ အေးပါဟုတ်ပါပြီမင်းတကယ်ပြိုင်ချင်တယ်ဆိုလဲပြိုင်ကြတာပေါ့ ဒီလိုလုပ် ဒီတောင်ကုန်းလေးရဲ့ဟိုဘက်ကို ဘယ်သူအရင်ရောက်မလဲဆိုတာပြိုင်ကြတာပေါ့" ဒါနဲ့ယုန်နဲ့လိပ်တို့အပြေးပြိုင်ကြတာပေါ့ စစချင်း ယုန်ကပြေးလိုက်ခဏအကြာမှာနောက်ကိုလှည့်ကြည့်တော့ လိပ်ကိုမ‌မြင်ရတော့ဘူးတဲ့ ဒါကြောင့် ယုန်ကရပ်ပြီး‌ တော့ပြေးနေရာကနေ လိပ်နဲ့က အရမ်းဝေးနေလို့စောင့်နေလိုက်တယ်။ လိပ်‌ကလေးက အရမ်း‌ နှေးနေတာကြောင့် စောင့်ရင်းစောင့်ရင်းနဲ့ တစ်မှေးလောက်အိပ်အုံးမယ်လို့စဉ်းစားလိုက်တယ် "သူငါ့ကိုမှီတယ်ဆိုရင်တောင်ငါကအသာလေးအနိုင်ရနိုင်ပါတယ် အေးဆေးပါကွာ" ဒီလိုတွေးပြီးတော့ ယုန်ကြီးက အရိပ်ကောင်းတဲ့ သစ်ပင်တစ်ပင်အောက်မှာ မျက်လုံးကိုခဏမှိတ်ပြီးတော့လှည်းနေလိုက်တယ်။ လိပ်ကလေးက အိပ်ပျော်နေတဲ့ ယုန်ကြီးကိုကျော်သွားတဲ့အချိန်မှာလဲ လိပ်ကလေးက ဖြည်းဖြည်းပဲသွားနေတယ် ဒါပေမယ့် ပုံမှန်တော့သွားနေတာ‌ပေါ့။ ယုန်ကအိပ်ယာကနိုးလာတဲ့အချိန်မှာ လိပ်ကလေးက သူတို့သတ်မှတ်ထားတဲ့နေရာကိုရောက်လုနီးနေပြီပေါ့။ ဒါကြောင့်လိပ်ကိုမှီအောင် သူမြန်နိုင်သမျှမြန်မြန်ပြေးလိုက်တာပေါ့ ဒါပေမယ့်လိပ်ကလေးကိုတော့ မမှီနိုင်တော့ပါဘူး လိပ်ကလေးက အနိုင်ရရှိသွားပါပြီ။


##ဖြည်းဖြည်းနဲ့မှန်မှန် အလုပ်လုပ်ခြင်းက အောင်မြင်မှုကိုရရှိစေမှာ အမှန်ပဲဖြစ်ပါတယ်။


##thanks_for_reading

##100_moral_stories

##credit_Akramulla_Syed

##https://www.amazon.in/Hare-Tortoise-Story-Book/dp/8131953076

၅။ လယ်သမားနှင့် ငှက်ကြားပုံပြင်

 လယ်သမားကြီးတစ်ဦးရဲ့ ပြောင်းခင်းထဲကို ကြိုးကြာငှက်တွေက လာလာပြီးတော့ ဖျက်စီး နေတာကိုတစ်ရက်မှာမျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရတယ်။ တစ်ခုသော ညနေခင်းမှာ လယ်သမားကြီးက ဖျက်လိုဖျက်စီးလုပ်တတ်တဲ့ ငှက်တွေကို ဖမ်းဖို့ရန်အတွက် ပိုက်ကွန်တစ်ခုကို လယ်ကွင်းထဲမှာထောင်ထားလိုက်တယ်။ နောက်နေ့မနက်မှာ ပိုက်ကွန်ကိုသွားပြီးစစ်ကြည့်လိုက်တဲ့အခါမှာတော့ ကြိုးကြားငှက်တွေအပြင် ငှက်ကြားလး တစ်ကာင်ပါမိနေတာကိုတွေ့လိုက်ရတယ်။ ငှက်ကြား‌လေးကပြောတယ် "ကျွန်တော့်ကိုတော့လွှတ်ပေးပါတောင်းပန်ပါတယ်၊ ပြောင်းစေ့တွေစားတာကျွန်တော်မဟုတ်ပါဘူး ပြောင်းခင်းကို ပျက်စီးစေအောင်လဲ ကျွန်တော်မလုပ်ပါဘူး " ငှက်ကြားလေးကငိုယိုပြီးပြောရှာတယ် "ကျွန်တော်က သနားစရာ ငှက်ကျားလေးပါ အသင်မြင်တဲ့အတိုင်းပါပဲ ကျွန်တော် ကရိုးရိုးသားသားနဲ့ မိဘကိုရှာပြီးကျွေးနေတာပါ ကျွန်တော်..." ငှက်ကျားလေးရဲ့စကားမဆုံးခင်မှာပဲ လယ်သမားကြီးကအမြန် ကိစ္စတုံးလိုက်တော့တယ် "မင်းပြောတာတွေက ဟုတ်နိုင်ပါတယ် ဒါပေမယ့် မင်းကိုတော့ဖမ်းရလိမ့်မယ် ဘာလို့လဲ‌ဆိုတော့ မင်းပေါင်းနေတဲ့ မင်းအပေါင်းသင်းတွေက ငါ့ရဲ့ပြောင်းခင်းတွေကို ဖျက်စီး‌ နေလို့ပဲ"


##လူဆိုး လူမိုက်နဲ့ပေါင်းသင်းမိရင် မိမိကိုယ်တိုင်ကအမှားမလုပ်သော်လည်း အပေါင်းအသင်းကြောင့်ဒုက္ခရောက်စေနိုင်ပါတယ်။


##thanks_for_reading

##100_moral_stories

##credit_Akramulla_Syed

၄။အကျီစားသန်တဲ့ ကောင်လေးတစ်ယောက်

 တစ်ခါတုန်းက သိုး‌တစ်အုပ်ကိုကျောင်း‌နေရတဲ့သိုးကျောင်းသား လေးတစ်ယောက်ရှိတယ်။ တစ်ရက်မှာသိုးကျောင်းသားလေးက သိုးတွေကိုနေ့တိုင်းကျောင်းရတာပျင်းလာတယ် ဒီတော့သူက ရွာထဲကလူတွေကို လိုက်ပြီး စမယ်ဆိုပြီးလုပ်လိုက်တယ်။ ဒါနဲ့ပဲသူကအသံအကျယ်ကြီးအော်ပြီးတော့ ""ကယ်ကြပါအုံး ဗျို့ဒီမယ်သိုးတွေကို ဝံ‌ပုလွေ လိုက်စားနေတယ် ကယ်ကြပါအုံး"" ရွာသားတွေသူ့‌ အော်သံကိုကြားတော့ ရွာထဲကနေ အလန့်တကြားပြေးပြီးသူ့ဆီကိုလာကြတာပေါ့။ ရွာသားတွေကသူ့ကိုတွေ့တွေ့ခြင်းမေးကြတယ် "ဘယ်မှာလဲ ဘယ်မှာလဲ မြေခွေးက " ဒီတော့ သိုးကျောင်းသားလေးက‌အူတတ်နေအောင်ရီတာပေါ့ "ဟား ဟား ဘာမှမရှိပါဘူး ခင်ဗျားတို့ကို စချင်လို့ တမင်သက်သက်နောက်‌လိုက်တာ"

နောက်သုံးလေးရက် ကြာတော့ သိုးကျောင်းသားလေးက အရင်လို  နောက်တစ်ခါထပ်စပြန်တယ် သူကအကျယ်ကြီးအော်လိုက်တယ် "ကယ်ကြပါအုံးဗျို့ ဒီမယ် မြေခွေးကြီး တစ်ကောင် သိုးတွေကိုလိုက်ကိုက်နေတယ်ဗျ ကယ်ပါအုံးဗျို့၊ ဒီတစ်ခါတစ်ကယ်မြေခွေးလာတာ တကယ်မြေခွေးဗျို့" ဒီလို‌  အော်ပြောတော့ရွာသားတွေက သူအော်နေတဲ့ တောင်ကမူ လေးပေါ်ကို ပြေးတတ်လာကြတယ် အပေါ်ရောက်ခါမှ သူတို့ကိုထပ်ပြီး‌နောက်တာမှန်းသိသွားကြတယ် ဒီတစ်ခါရွာသားတွေက သူ့ကိုစိတ်တော်တော်တိုသွားကြတယ် သူ့ကိုတော်တော်စတတ်တဲ့ကောင်လေးမှန်းလဲသိသွားကြတယ်။ မကြာခင်နောက်တစ်နေ့မှာပဲ မြေခွေးက သိုးအုပ်ထဲကိုတစ်ကယ်ရောက်လာ‌ တော့တယ်။ မြေခွေးကသိုးတစ်ကောင်ကို ကိုက်လိုက်တယ် နောက်ထပ်တစ်ကောင်ပြီးတစ်ကောင်လိုက်ကိုက်တော့တယ် ဒီတော့ သိုးကျောင်းသားလေးက ရွာထဲကိုအပြေးအလွှား‌သွားပြီးတော့ ရွာကလူတွေကို အော်ပြီး အကူညီတောင်းတယ် "မြေခွေး မြေခွေး ကျွန်တော့်သိုးတွေကိုလိုက်ဆွဲနေတယ် တစ်ယောက်‌ယောက်ကူကြပါအုံး" ရွာသားတွေက သူ့အော်သံကိုကြားတယ် ဒါပေမယ့် ရီကြတာပေါ့ ဒီတစ်ခါလဲ သူတို့ကို စပြန်ပြီးလို့ ထင်နေကြတယ်။ ဒီတော့သိုးကျောင်းသားလေးက သူနဲ့နီးတဲ့ ရွားသားတစ်ယောက်စီကိုပြေးသွားပြီးတော့ပြောပြန်တယ် "မြေခွေးတစ်ကောင် သိုးတွေကိုလိုက်ကိုက်နေတယ်ဗျ ဒီတစ်ခါကတစ်ကယ်ပြောနေတာ အရင်တုန်းက ကျွန်တော်ညာတာပါ အခုက တစ်ကယ်ပြောနေတာဗျ" နောက်ဆုံး သူ မရမကပြောနေတော့ ရွာသားတွေလဲမယုံပေမယ့် လိုက်ပြီးကြည့်ကြတယ် ဟိုရောက်မှ အမှန်တွေပဲဆိုတာတွေ့လိုက်ရတော့တယ် ရွာသားတွေရောက်တော့မှ မြေခွေးလဲပြေးသွားတော့တယ် သိုးသေတွေကိုတော့ မျက်ခင်းပေါ်မှာ အများအပြားတွေ့လိုက်ရတယ်


##မုသားပြောတတ်တဲ့သူ တစ်ယောက် အမှန်တွေဘယ်လောက်ပဲပြောပြော ဘယ်သူမှ ယုံကြည်မှာမဟုတ်တော့ပါဘူး


##thanks_for_reading

##100_moral_stories

##credit_Akramulla_Syed

အဝတ်လှန်းစင် ပုံစံ (၂)

အိမ်တွင်း အဝတ်လှန်းစင် ပြုလုပ်နည်းလေးပါ ဟိုလူလာမှ ဒီလူလာမှ ဟိုလူရှိမှ ဒီလူရှိမှ လုပ်​လို့ဖြစ်တဲ့အရာမဟုတ်ပါဘူး  ကိုယ့်ဟာကိုအလွယ်တကူလုပ်လို့ရပ...